Buffer overflow Part(2)
ကျနော်တို့ part(1) မှာ stack နဲ့ registers တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနားလည်ခဲ့ပြီ။ အခု windows ပေါ်မှာ freefloat FTP server ကိုသုံးပြီးတော့ buffer overflow ကိုစမ်းကြည်ကြမယ်။စမ်းတဲ့နေရာမှာ ကျနော်က freefloat FTP server Version (1) ကိုအသုံးပြုပြီးစမ်းပြမယ်။ဘာလို့လဲဆိုတော့ freefloat FTP server က username နေရာမှာ buffer overflow vulnerability ရှိတယ်။ ပြီးတော့ အဲ့ vulnerability ကိုအသုံးချပြီး target system ရဲ့ shell ကို ရအောင်ယူကြည့်မယ်။ ကျနော်တို့ ဒီ lab မှာ freefloat FTP server run ထားမဲ့ windows XP (32 bits) VM တစ်လုံး၊ kali linux VM တစ်လုံးကိုသုံးမယ်။ debugger အနေနဲ့ကတော့ immunity debugger သုံးမယ်။ debugger ဘာလို့သုံးရတာလဲဆိုရင် stack ရဲ့အခြေအနေနဲ့ register values တွေကိုသိချင်လို့ပါ။ freefloat FTP server ကိုတော့ https://www.exploit-db.com/exploits/23243/ link ကနေ Vulnerable App ကိုနှိပ်ပြီးတော့ download ပြုလုပ်နိုင်ပါတယ်။အဲ့တော့ requirement တွေလည်းသိပြီဆိုတော့ စလိုက်ကြရအောင်ဗျာ။ အရင်ဆုံး freefloat FTP server ကို windows XP ပေါ်မှာ r...