Buffer overflow Part(2)



ကျနော်တို့ part(1) မှာ stack နဲ့ registers တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနားလည်ခဲ့ပြီ။ အခု windows ပေါ်မှာ freefloat FTP server ကိုသုံးပြီးတော့ buffer overflow ကိုစမ်းကြည်​ကြမယ်။စမ်းတဲ့နေရာမှာ ကျနော်က freefloat FTP server Version (1) ကိုအသုံးပြုပြီးစမ်းပြမယ်။ဘာလို့လဲဆိုတော့  freefloat FTP server က username နေရာမှာ buffer overflow vulnerability ရှိတယ်။ ပြီးတော့ အဲ့ vulnerability ကိုအသုံးချပြီး target system ရဲ့ shell ကို ရအောင်ယူကြည့်မယ်။ ကျနော်တို့ ဒီ lab မှာ
freefloat FTP server run ထားမဲ့ windows XP (32 bits) VM တစ်လုံး၊ kali linux VM တစ်လုံးကိုသုံးမယ်။ debugger အနေနဲ့ကတော့ immunity debugger သုံးမယ်။
debugger ဘာလို့သုံးရတာလဲဆိုရင် stack ရဲ့အခြေအနေနဲ့ register values တွေကိုသိချင်လို့ပါ။  freefloat FTP server ကိုတော့ https://www.exploit-db.com/exploits/23243/ link ကနေ Vulnerable App ကိုနှိပ်ပြီးတော့ download ပြုလုပ်နိုင်ပါတယ်။အဲ့တော့ requirement တွေလည်းသိပြီဆိုတော့ စလိုက်​ကြရအောင်ဗျာ။

 အရင်ဆုံး freefloat FTP server ကို windows XP ‌ပေါ်မှာ run မယ်​။ debugger မှာ attach လုပ်မယ်။
attach လုပ်ပြီးရင် x button ညာဘက်ဘေးက run button လေးကိုနှိပ်ပေးရပါမယ်။



ပြီးရင် ကျနော်တို့ က server ရဲ့ username နေရာကို A အလုံး 1000 ပို့ကြည့်မယ်။
အဲ့လို ပို့ဖို့အတွက် အောက်က python နဲ့ရေးထားတဲ့ code ကိုအသုံးပြုမယ်။



ပြီးရင် exploit.py အနေနဲ့ save လုပ်ပြီး python exploit.py <server IP> ဆိုပြီး run လိုက်မယ်။
debugger မှာ ဘာဖြစ်သွားမလဲ တစ်ချက်ကြည့်ကြည့်မယ်။

EIP value ကို A တွေ overwrite ဖြစ်သွားတာကိုတွေ့ရမယ်။အဲ့တော့ ကျနော်တို့ EIP ကို ထည့်လိုက်တဲ့ buffer က overwrite ဖြစ်သွားတယ်​ဆိုတာတော့သိပြီ။ part(1) မှာပြောခဲ့သလိုပဲ ဘယ်နှစ်လုံးမြောက်မှာ overwrite ဖြစ်လဲဆိုတာကိုသိရင် EIP ကို control လုပ်လို့ရပြီပေါ့။ ကျနော်တို့  EIP ရဲ့ offset ကို ရှာဖို့အတွက် kali linux မှာ ပါတဲ့ pattern_create နဲ့ pattern_offset ဆိုတဲ့ ruby script နှစ်ခုကိုသုံးမယ်။
အဲ့ script နှစ်ခုကိုသုံးဖို့ဆိုရင် အရင်ဆုံး kali မှာ
ပုံထဲကအတိုင်း script ရှိတဲ့ directory ကိုသွား၊ output ထုတ်ချင်တဲ့ pattern အရေအတွက်နဲ့အတူ run ပေးလိုက်ရုံပါပဲ။ကျနော်ကတော့ အလုံး 1000  ထုတ်ထားတယ်။ပြီးရင်တော့ ကျနော်တို့ python code ထဲက A နေရာမှာထွက်လာတဲ့ pattern ကိုထည့်ပြီး server ကိုတစ်ချက်ပြန်ပို့ကြည့်မယ်။အဲ့တော့ python code က

(ကျနော် တို့ code ကိုတစ်ခါ run ပြီသွားတိုင်း Server ကိုပြန် run ပြီး debugger နဲ့ ပြန် attach လုပ်ပေးဖို့လိုပါတယ်)အပေါ်က code ကို run ပြီးတဲ့အချိန်မှာဖြစ်နေတဲ့ debugger ရဲ့ အခြေအနေလေးတစ်ချက်လောက်ကြည့်ကြည့်ရအောင်။
EIP ထဲကို 69413269 ဆိုတဲ့ ဂဏန်းတွေရောက်နေတာတွေ့ရပါမယ်။ ဘယ်နှစ်လုံးမြောက်လဲသိချင်ရင်တော့ ခုနက kali linux က pattern_offfset ဆိုတဲ့ script ကိုသုံးရပါမယ်။
Ok?? ကျနော်တို့ကို script က 247 လုံးမှာ EIP ကို overwrite ဖြစ်သွားတယ်လို့တော့ပြောနေပြီ။ကျနော်တို့ကတကယ်ဟုတ်မဟုတ်သေချာအောင် A 247 လုံးနဲ့ B လေးလုံးပို့ကြည့်မယ်။ သူရှာပေးထာတဲ့ offset ကသာအမှန်ဆိုရင် EIP နေရာကို B တွေဝင်နေရမယ်။အဲ့တော့ python code ကိုပြန်ပြင်မယ်။
code ကိုပြင်ပြီးရင် run ပြီးတော့ debugger မှာ EIP အခြေအနေကိုတစ်ချက်ကြည့်ကြည့်မယ်။

EIP ထဲကို 42424242 ဆိုပြီး B ရဲ့ value တွေဝင်နေတာကိုမြင်ရမှာပါ။အဲ့တော့ EIP ကိုလည်း control လုပ်နိုင်ပြီဆိုတော့ shellcode ကို stack ပေါ်တင်ပြီးတော့ အဲ့ shellcode ရှိတဲ့ address ကို EIP ကိုခုန်ခိုင်းလိုက်ရင် ok ပြီပေါ.။ ဒီနေရာမှာ တစ်ခုစဉ်းစားရမယ်ဗျ။ EIP ကိုခုန်ခိုင်တာတော့ဟုတ်ပါပြီ။ shellcode ကိုဘယ်နားသွားထည့်ကြမလဲ။
ပုံမှာ ESP ကိုကြည့်ကြည့်ပါ။ ESP က ကျနော်တို့ EIP အတွက် B 4 လုံးပြီးတော့ နောက်ထပ်ထည့်ခဲ့တဲ့ C တွေရှိတဲ့ addres ကို point လုပ်နေတာကိုတွေ့ရမှာပါ။ အဲ့ C ​တွေ​နေရာမှာသာ shellcode ကိုထည့်​ပြီးအဲ့​နေ့ရာကိုခုန်​ခိုင်းလိုက်ရင်​ ok ပြီ​​​ပေါ့။ ဒါ​ပေမဲ့ ကျ​နော်​ part(1) မှာ​ပြောခဲ့သလိုပဲ ပုံကိုတစ်​ချက်
ကြည့်​ကြည့်​ပါ။ ESP က  C ​ရဲ့အစက​နေစမလုပ်​ဘဲ ​8 လုံး​မြောက်​က​နေမှ စလုပ်​တာကို​သတိထားမိပါလိမ့်မယ်။ အဲ့ဒါ​ကြောင့်​ ကျ​နော်​တို့ NOP ကိုသုံးတာပါ။ NOP 8 bytes သာထည့်​ပြီး shellcode ထည့်​လိုက်​ရင်​တန်းပြီးအလုပ်​လုပ်​ပြီ​။ အဲ့အတွက်​ စဉ်းစားရမှာတစ်​ခုရှိ​သေးတယ်​။ အဲ့ ESP ကိုခုန်​ဖို့အတွက်​ EIP ​နေရာမှာ ဘာသွားထည့်​ကြမလဲ။ ရှင်းပါတယ်။ ESP ကိုခုန်ခိုင်းတဲ့ operation ဖြစ်​တဲ့ jmp esp ရဲ့ address ကိုရှာထည့်​​ပေးလိုက်​ရင်အလုပ်လုပ်ပြီ...။ shellcode generate မလုပ်​ခင်​​မှာ jmp esp ​ရဲ့ address ကို အရှင်​ရှာကြရ​အောင်​။ အဲ့လိုရှာဖို့အတွက်​ mona ဆိုတဲ့ python script ကိုသုံးပါမယ်​။ mona.py ဆိုတဲ့ python script ကို download ပြုလုပ်​ပြီး immunity debugger ကို install လုပ်​ထားတဲ့ C:/Program Files/Immunity Inc/Immunity debugger/PyCommands ​အောက်​ကို copy ကူးထည့်​​ပေးလိုက်​ပါ။ ပြီးရင်​​တော့ immunity debugger မှာ
ဆိုတဲ့ command လေးကိုအောက်နားမှာရှိတဲ့ command box လေးမှာရိုက်လိုက်ပါ။ "FFE4" ဆိုတာက jmp esp instructuon ရဲ့ opcode ဖြစ်ပါတယ်။ command အလုပ်လုပ်ပုံကိုပြောရရင် jmp esp instructions ပါတဲ့ address တွေကို user32.dll ဆိုတဲ့ထဲမှာသွားရှာတာပါ။
ပထမဆုံး address "0x7E429353" ကိုယူလိုက်မယ်။ အဲ့ကောင်ကို EIP နေရာမှာ ထည့်မယ်။ ရေးတဲ့နေရာမှာ intel x86 cpu architecture  က little endian format ကိုသုံးတဲ့အတွက် ပြောင်းပြန်ထည့်ရပါမယ်။အခုထည့်မဲ့ address က "0x7E429353" ဆိုတော့ code မှာရေးရင် "\x53\x93\x42\x7E" ဆိုပြီးရေးရပါမယ်။အဲ့တော့ code ကိုတစ်ချက်ကြည့်ကြည့်ရအောင်။
nop ပြီးတော့ "\xCC" 4  bytes ထည့်ထားပါတယ်။ အဲ့ဒါက program ကို interrupt ဖြစ်စေတဲ့ INT ဆိုတဲ့ instruction ရဲ့ opcode ပါ။ အဲ့တော့ code ကို run လိုက်ရင် EIP က "\xCC" ရှိတဲ့နေရာကိုခုန်သွားပြီး sever က interrupt ဖြစ်သွားမယ်။ ဟုတ်မဟုတ်သီရအောင် run ကြည့်ကြည့်မယ်။
ဟုတ်ပြီ။ "\xCC" ဆီကိုလည်းရောက်တယ်။ program လည်း INT command ကို လုပ်နေတယ်ဆိုတာကို  debugger ရဲ့ ဘယ်ဘက်ထောင့်နားမှာပြနေတယ်။ အခုကျနော်တို့ shellcode generate လုပ်ပြီး စမ်းကြည့်ဖို့ပဲလိုတော့တယ်။ shellcode ကို reverse_shell အတွက် မထုတ်ခင်မှာ calculater အတွက် အရင်ထုတ်​မယ်။ run ကြည့်လို့ target machine မှာ calculator run ပြီဆိုမှ reverse_shell အတွက်​ shellcode ထုတ်ပြီး ထပ်စမ်းမယ်။
shellcode generate command for calculator
buf[] = နောက်ကစပြီးအကုန် copy ကူးပြီး ကျနော်တို့ရဲ့ exploit code မှာသွားထည့်မယ်။အဲ့တော့ အခု code တစ်ချက်ကြည့်မယ်။
(do not forget to add `+´ signs in shellcode)
ဒီ exploit code ကို run လိုက်ရင် target machine မှာ calculator က auto run ရမယ်။ ဒီ code မှာဆိုအရင်ကနဲ့မတူတာတစ်ခုကိုကိုသတိထားမလားဗျ။ nop ကိုအရင်က 8 bytes  ပဲထည့်ခဲ့တယ်။ ခုကျနော် 24 bytes တောင်ထည့်ထားတယ်။ ကျနော် debugger နဲ့  attach မလုပ်ဘဲ run တဲ့အခါ shellcode အလုပ်မလုပ်တဲ့အတွက်​အတိုးအလျှော့လုပ်ကြည့်တာပါ။ကျနော်တော့ nop 24 bytes ထည့်ပြီးတဲ့အခါမှာ အလုပ်လုပ်သွားတယ်။ ကျနော်ကတော့ nop ကိုအတိအကျသုံးတာထက် nop များများသုံးရတာကိုပိုသဘောကျတယ်ဗျ XD။ ပို safe ဖြစ်တယ်လို့ခံစားရလို့ပါ။ code ကို run ကြည့်လိုက်မယ်။
Yeah!! calculator run သွားပြီ။ reverse_shell အတွက် shellcode ထုတ်ပြီး calculator အတွက် shellcode နေရာမှာ အစားထိုးလိုက်ရင် ok ပြီပေါ့။
reverse_shell shellcode generate command
LHOST​​နေရာမှာ kali machine ရဲ့ ip ကိုထည့်​ပါ။
final exploit.py
မ run ခင် ကျနော်တို့  reverse_shell ပြန်လာမဲ့ port မှာ listen လုပ်နေမယ်။
windows မှာ freefloat ကို run ပြီး kali ကနေ exploit code ကို run လိုက်မယ်။
Done! reverse_shell ရပါပြီ။

notes**
ဒီ lab မှာအပေါ်မှာပြောခဲ့သလိုပဲ exploit code ကိုတစ်ခါ run ပြီးတာနဲ့ windows မှာ freefloat ကို ပြန် run ပြီး debugger နဲ့ ပြန် attach လုပ်ရပါမယ်။ တစ်ခါ run ပြီးတိုင် တစ်ခါ attach လုပ်ရပါမယ်။
နောက်တစ်ခုက "C" ပြီးတော့ 1000 ထဲက နုတ်သွားတဲ့ value တွေ၊ အဲ့ဒါ​တွေက အရှေ့မှာ ထည့်ခဲ့တဲ့ bytes အရေအတွက်ကိုပြန်နှုတ်တာပါ။
ဥပမာဗျာ final exploit.py မှာဆိုရင် A က 247 ၊ EIP အတွက် address က 4 ၊ nop က 24 ၊ shellcode ရဲ့ space က 351 bytes ပါ။ နုတ်သွားတဲ့ တန်ဖိုးလေးတွေကို သတိထားကြည့်စေချင်ပါတယ်။
ပြီးတော့ shellcode generate လုပ်တဲ့အချိန်မှာ -b နောက်က "\x00\x0A\x0D" တွေဟာ bad character တွေပါ။ shellcode ထဲ အဲ့ character တွေပါနေရင် program execution ကိုရပ်သွားစေနိုင်ပါတယ်။ အဲ့ဒါကြောင့် shellcode generate လုပ်တဲ့နေရာမှာ အဲ့ဒါတွေကိုမပါအောင် -b options နဲ့ဖယ်ထားခဲ့တာပါ။


****Thanks*****

Popular posts from this blog

Docker containers တွေအမြဲတမ်း up and running ဖြစ်နေအောင် docker's restart policy တွေကိုဘယ်လိုသုံးသင့်လဲ။

Ubuntu 18.10 Release Date and New Features