Buffer Overflow Part(1)
ကျနော်တို့ stack base buffer overflow အကြောင်းပြောတော့မယ်ဆိုရင် assembly language နဲ့ stack ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အခြေခံအနေနဲ့သိထားရပါမယ်။assembly ကိုလေ့လာမယ်ဆိုရင်အချိန်တော်တော်ပေးရပါမယ်။ အခုကျနော်တို့ လေ့လာချင်တာက exploit development ဖြစ်တဲ့အတွက် assembly ကို registers တွေလောက်ပဲပြောပါမယ်။ program တစ်ခုစပြီး run ပြီဆိုတာနဲ့ memory ကိုအနည်းနဲ့အများတော့ အသုံးပြုကြပါတယ်။ အဲ့ အသုံးပြုတဲ့ process memory မှာ major component သုံးခုရှိပါတယ်။ အဲ့ဒါတွေကတော့
- code segment(processor က execute လုပ်မဲ့ instructions တွေ)
- data segment (global variables တွေ, dynamic buffer တွေ)
- stack segment တို့ပဲဖြစ်ပါတယ်။
- EAX - အပေါင်း၊ အနုတ်၊ compare စတဲ့ calculation တွေလုပ်ရာမှာအသုံးများပါတယ်။
- EBX - general purpose မရှိဘူး၊ data တွေ store လုပ်ဖို့သုံးတယ်။
- ECX - counter ဖြစ်ပြီး loop တွေမှာ အများဆုံးအသုံးပြုပါတယ်။
- EDX - EAX လိုပါပဲ။ အထူးသဖြင့် အမြှောက်၊ အစား calculation တွေမှာသုံးပါတယ်။
- ESP - stack pointer ဖြစ်ပြီး stack ရဲ့ top ကိုညွှန်ပြပါတယ်။
- EBP - base pointer, parameter value တွေကို pass လုပ်တဲ့နေရာမှာသုံးတယ်။
- ESI - source index, input data တွေရဲ့ location ကို hold လုပ်ပါတယ်
- EDI - destination index, data operation တွေရဲ့ result တွေကို ဘယ်မှာသိမ်းမလဲဆိုတာ point လုပ်ပေးပါတယ်။
- EIP - instruction pointer, နောက်လုပ်မဲ့ instructions တွေကိုညွှန်ပြတဲ့ကောင်ဖြစ်ပါတယ်။
Stack
program တစ်ခုစပြီးအလုပ်လုပ်ပြီဆိုတာနဲ့ OS က stack ကို memory ပေါ်မှာ allocate လုပ်တယ်။
အဲ့ program ပြီးပြီဆိုတာနဲ့ stack ကို clear လုပ်ပစ်တယ်။ stack ကို functions တွေမှာ data/arguments တွေ pass လုပ်ဖို့၊ local variables တွေကို store လုပ်ဖို့နဲ့ အကြာကြီးသိမ်းထားစရာမလိုတဲ့ information တွေကို store လုပ်ထားဖို့သုံးပါတယ်။ stack က LIFO(last in first out) အနေနဲ့အလုပ်လုပ်ပြီး higher memory address ကနေ lower memory address ကို decrease ဖြစ်သွားတယ်။ ဆိုလိုချင်တာကတော့ grow downward ပေါ့ဗျာ။ stack pointer (ESP) က stack ရဲ့ top ကိုအမြဲပြပါတယ်။ stack မှာ PUSH နဲ့ POP ဆိုပြီးတော့ operation နှစ်ခုရှိတယ်။ PUSH ကတော့ stack ထဲကို data တွေထည့်တဲ့နေရာမှာသုံးပြီး POP ကိုတော့ stack ထဲက data တွေပြန်ထုတ်တဲ့နေရာမှာသုံးပါတယ်။ PUSH လုပ်ရင် ESP က decrease ဖြစ်ပြီးတော့ POP လုပ်တဲ့ အခါမှာတော့ ESP က increase ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ stack ထဲကို information တစ်ခုခု PUSH လုပ်လိုက်တာနဲ့ ESP က decrease ဖြစ်ပြီတော့ lower memory address ကိုညွှန်ပြတဲ့သဘောပေါ့ဗျာ။ အဲ့တော့ function တစ်ခုခေါ်
လိုက်ပြီဆိုတာနဲ့ အဲ့ function မှာပါတဲ့ parameters တွေကို stack ပေါ်ကို push လုပ်တယ်။ပြီးရင် (EBP,EIP) ကိုပါ save ပြီး stack ပော်ကို push လုပ်ခဲ့တယ်။ function ပြီးလို့ return ပြန်တဲ့အခါ save ထားတဲ့ EIP value ကို POP လုပ်ပြီး လက်ရှိ EIP ထဲကိုပြန်ထည့်တယ်။ ပြီးရင်တော့ ပုံမှန်အတိုင်းပဲဆက်လုပ်သွားတယ်။နည်းနည်းလေးတော့ရှုပ်သွားပြီထင်တယ်။ ပိုပြီးတော့ ရှုပ်အောင် example program လေးတစ်ခုနဲ့လေ့လာကြည့်ကြရအောင်လေ။
နောက်တာပါဗျာ ။ program လေးနဲ့တွဲကြည့်တော့ ပိုနားလည်လွယ်တာပေါ့။ အဲ့တော့ အောက်က C code လေးကိုကြည့်ကြည့်ရအောင်ဗျာ။
vuln.c
#include <stdio.h>
#include <string.h>
void do_something(char **buffer)
{
char MyVar[128];
strcpy(MyVar,buffer);
}
void main(int argc, char **argv)
{
do_something(argv[1]);
}
ဒီ code အရဆိုရင် do_something ဆိုတဲ့ function တစ်ခုရှိမယ်။ main function ပါမယ်။ main ရဲ့အလုပ်က argument အနေနဲ့ဝင်လာတဲ့ input ကို (example: vuln.exe AAAA) do_something function ကိုပို့ပေးလိုက်တယ်။ do_something က main က pass လုပ်ပေးလိုက်တဲ့ value ကို 128 bytes ရှိတဲ့ MyVar ဆိုတဲ့ variable ထဲကို strcpy() function ကိုသုံးပြီးတော့ copy ကူးထည့်တယ်။ဒီလောက်ဆိုရင် ကျနော်တို့ code ရဲ့ general အလုပ်လုပ်ပုံကိုအကြမ်းဖျင်းသိပြီ။ ဒီ program ကို stack ပေါ်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။
program ကို run လိုက်တာနဲ့ parent stack ပေါ်မှာ stack frame တစ်ခုကို create လုပ်တယ်။ ESP က အသစ်လုပ်လိုက်တဲ့ stack ရဲ့ higher memory address ကို point နေတယ်။
do_something() ကိုမခော်ခင် main ထဲက argv[1] အတွက် pointer ကို stack မှာအရင် PUSH တယ်။
ပြီးသွားမှ do_something() ကိုခေါ်တယ်။ function call ကိုလုပ်ရင် CALL instruction က current instruction pointer(EIP) ကို stack ပေါ်အရင် PUSH လုပ်တယ်။အဲ့ဒါမှ do_something ပြီးသွားတဲ့အခါ ဘယ်ကို return ပြန်ရမလဲသိမှာဖြစ်တယ်။
ပြီးတဲ့အခါမှာ do_smoething() ကိုစခေါ်ပြီ။ do_something() function ရဲ့ base ကိုမှတ်ထားဖို့ frame pointer/base pointer(EBP) ကို stack ပေါ်ကို PUSH လုပ်တယ်။ function တစ်ခုစတိုင်းစတိုင်း assembly မှာ
- push ebp
- mov ebp,esp ကိုသုံးတယ်။ function ရဲ့ အစကိုမှတ်လိုက်တဲ့သဘောပါ။
အဲ့တော့ strcpy() ကရော function တစ်ခုမဟုတ်ဘူးလား? သူ့အတွက်ကျတော့ stack ပေါ်မှာ နေရာမပေးတော့ဘူးလားလို့မေးစရာရှိပါတယ်။ strcpy() က function တစ်ခုတော့ဟုတ်ပါတယ်။ ဒါပေမဲ့ သူက data တွေကို copy ကူးတဲ့အခါမှာ PUSH instruction ကိုမသုံးပါဘူး။ သူအလုပ်လုပ်တဲ့ပုံက word တစ်ခုကို read တယ်၊ ပြီးရင် index ကိုသုံးပြီး stack မှာသွား write တယ်။ဒီ program အရဆိုရင် argument က ၀င်လာတဲ့ input ကို 128 bytes ရှိတဲ့ MyVar ထဲကို copy ကူးထည့်တယ်။
အဲ့မှာ input က 128 bytes ထပ်နည်းသေးရင်ပဲဖြစ်ဖြစ်၊ 128 bytes အတိရှိရင်ပဲဖြစ်ဖြစ် problem မရှိသေးဘူး။ တကယ်လို့များ 128 bytes ထက်ပိုတဲ့ input ထည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။အောက်ကပုံကိုကြည့်ကြည့်ပါ။ input က ebp ရော၊ eip ကိုပါ overwrite ဖြစ်သွားတာကိုတွေ့ရမှပါ။
strcpy() ကတော့ input က၀င်လာသလောက်ကို MyVar ထဲကို copy ကူးထည့်မှာပဲ။ input ကုန်သွားရင် သူ့အလုပ်ပြီးပြီ။ အဲ့တော့ do_something() လည်းပြီရော stack ပေါ်က LEAVE ပြီ။ ကျနော်တို့ function စစခေါ်တုန်းက function ရဲ့ အစကို ebp ထဲမှတ်ထားခဲ့တယ်မဟုတ်လား? အခု function ကို ပြန်ဖယ်တော့မယ်ဆိုတော့ ထည့်တုန်းကနဲ့ပြောင်းပြန်ပေါ့။ instruction က
- mov ebp,esp
- pop ebp
program အရဆိုရင် ၀င်လာသမျှ input တွေကို MyVar ထဲကို copy ကူးထည့်တယ်။MyVar က 128bytes လက်ခံပြီး ကျော်သွားတဲ့ byte က eip ကို overwrite ဖြစ်သွားတယ်။အဲ့တော့ 128 bytes ထည့်ပြီး နောက်ထပ် 4 bytes ကိုကိုယ်သွားချင်တဲ့ address တစ်ခုထည့်ပေးလိုက်ရင် ok ပြီပေါ့။ ကျနော်တို့က system ရဲ့ shell ကိုလိုချင်တာမလား? အဲ့တော့ shellcode ကို stack ထဲကိုအရင်ထည့်၊ ပြီးတော့ eip ကို အဲ့ shellcode ရှိတဲ့နေရာကိုခုန်ခိုင်းလိုက်ရင် shell ရပြီပေါ့၊ (ပြောနေတာတော့ လွယ်လိုက်တာ Hee XD) ...... eip ပြီးတာနဲ့ shellcode ကိုတန်းထည့်တာက သိပ်ပြီးတော့ reliable မဖြစ်ဘူးဗျ။တကယ်လို့ esp က first byte ကသာစမလုပ်ခဲ့ရင် ကျနော်တို့ shell ကအလုပ်ဖြစ်မှာမဟုတ်ဘူး။ အဲ့တော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ....???? NOP(\x90) No operation byte တွေထည့်ရမယ်။ eip address ထည့်ပြီးတာနဲ့ nop ကို 20bytes လောက်ထည့်၊ ပြီးမှ shellcode ကိုထည့်၊ အဲ့ဒါကတော့ reliable အဖြစ်ဆုံးပဲ။ တကယ်လို့ eip က nop ရှိနေရာကိုရောက်သွားပြီပဲထားပါတော့။ nop ကိုရောက်ရင် nop က "ငါတော့ ဘာမှမလုပ်သေးဘူး၊ နောက် တစ် byte ကိုသွားလိုက်ပါ။" ဆိုပြီတော့ eip ကိုပြောလိုက်မယ် ။ အဲ့တော့ နောက် nop တွေ့လည်းအဲ့လို၊ နောက် nop ထပ်တွေ့လည်းအဲ့လို၊ အဲ့လို အဲ့လိုနဲ့ shellcode ကိုရောက်သွားရော။ program က shellcode ကိုသာ execute လုပ်လိုက်ရင် ကျနော်တို့လိုချင်တဲ့ shell ရပြီပေါ့။
ကျနော် ဒီ part(1) မှာ theory တွေချည်းပဲပြောသွားလို့ စိတ်မညစ်သွားပါနဲ့ဦး။ part(2) ရောက်တဲ့အခါမှာ lab လေးနဲ့ လက်တွေ့စမ်းပြပါမယ်။