Ubuntu 18.10 Release Date and New Features
ကျနော်တို့ October သီတင်းကျွတ်နဲ့အတူ Ubuntu ရဲ့ 18.10 release ကလည်းထွက်ရှိတော့မှာပါ။ October 18 ရက်နေ့မှာထွက်မယ်လို့ထင်ပါတယ်။ 18.10 ကတော့ short-term release ပါ ။ short-term ဆိုတော့ 9 months ပဲ support ရမှာပါ။
18.10 ရဲ့ codename ကတော့ Cosmic Cuttelfish လို့ပေးထားပါတယ်။ အပေါ်ပုံထဲကလို ငါးပုံလေးပါ။
18.10 ရဲ့ codename ကတော့ Cosmic Cuttelfish လို့ပေးထားပါတယ်။ အပေါ်ပုံထဲကလို ငါးပုံလေးပါ။
New Features in Ubuntu 18.10
ဒါကတော့ 18.10 ရဲ့ wallpaper လေးပါ။
1.Gnome 3.30
Gnome 3.30 ဟာ September 18 ရက်နေ့ကထွက်ရှိခဲ့တာဖြစ်ပြီး အခု Ubuntu ရဲ့ 18.10 မှာ gnome 3.30 ကိုသုံးထားမှာဖြစ်ပါတယ်။
2.New default themes and icons
18.10 မတိုင်ခင် 18.04 LTS မှာကတည်းက community developed theme တစ်ခုဖြစ်တဲ့ Communitheme ပါလာမယ်ဆိုပြီးတော့ 18.04 ကို release လုပ်မဲ့နေ့မှာမပြီးသေးတာကြောင့် မပါလာဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုထွက်မဲ့ 18.10 မှာတော့ communitheme ဟာ default theme အနေနဲ့ပါဝင်လာမှာပါ။
3.Better Battery life for Laptops
Canonical ဟာ Ubuntu သုံးတဲ့ Laptops တွေရဲ့ Battery life ကို improve ဖြစ်အောင်ကြိုးပမ်းနေတာကြာပါပြီ။ Linux kernel မှာလည်း power အများကြီးမကုန်အောင် HDD controller တွေ၊ USB controller တွေနဲ့ အခြား devices တွေကို မသုံးနေတဲ့အချိန်မှာ lower power state ကိုပြောင်းထားလို့ရတဲ့ feature ကရှိပြီးသားပါ။ ဒါပေမဲ့ အဲ့ features ကအချို့ problem တွေ၊ error တွေကိုဖြစ်ပေါ်စေတာကြောင့်မလို့ အဲ့ features ကို Ubuntu မှာမထည့်သွင်းခဲ့တာပါ။အခု Ubuntu developement team ကနေ အဲ့ feature ကိုသုံးပြီးတော့ system ရဲ့ stability ကိုလည်းမထိခိုက်အောင်၊ battery life ကိုလည်း improve ဖြစ်အောင်လုပ်နေတယ်ဆိုတော့ 18.10 မှာ အဲ့ပါလာမလား၊ မပါလာဘူးလားကတော့ ရင်ခုန်စရာပါပဲ။
4.Support for fingerprint scanner
တကယ်လို့ ကိုယ့် laptop မှာသာ fingerprint scanner ပါခဲ့မယ်ဆိုရင် Ubuntu သုံးတဲ့အခါမှာလည်း fingerprint နဲ့ unlock လုပ်လို့ရတဲ့ feature ကိုထည့်ပေးထားပါသေးတယ်။
5.Linux Kernel 4.18
Ubuntu 18.10 ကတော့ Linux kernel 4.18 ကိုသုံးထားပါတယ်။ဒီ 4.18 kernel မှာဆိုရင်တော့ AMD, Nvidia GPU, USB Type-C, နဲ့တစ်ခြား CPU performance တွေကို improve လုပ်ထားတယ်ဆိုတော့စောင့်ကြည့်ချင်စရာပါ။
6.No 32 bit supports
Ubuntu ဟာ 17.10 ကနေစပြီးတော့ 32 bits iso တွေမထုတ်ပေးတော့ပါဘူး။ အခုထွက်မဲ့ 18.10 မှာလည်း 64 bits တစ်မျိုးတည်းကိုသာထုတ်သွားမှာပါ။ 32 bits သုံးနေဆဲဖြစ်တဲ့ user တွေကတော့ 2023 ထိ support ရဦးမှာပါ။
7.Faster Installation and boot
Ubuntu 18.10 ရဲ့ boot time က အရင်ထွက်ခဲ့တဲ့ Ubuntu တွေထက် 10% ပိုမြန်လာမှာပါ။ Installation လုပ်တဲ့အခုမှာလည်း ပိုပြီးမြန်လာမယ်ထင်ရပါတယ်။ Ubuntu user တွေအတွက်တော့သတင်းကောင်းတစ်ခုပါပဲ။
Other changes in 18.10
- Gnome software တွေရဲ့ UI UX improvement
- DLNA supported TV တွေ Tablets တွေနဲ့ အခြား devices တွေကို connect လုပ်လို့ရလာမှာပါ။
- နောက်အသစ်တစ်ခုက software တွေကို uninstall လုပ်ရာမှာ သူနဲ့ဆိုင်တဲ့ dependencies တွေကိုပါဖျက်ပစ်မှာပါ။
ဒါတွေကတော့ အသစ်ပါဝင်လာမဲ့ new features တွေနဲ့ changes တွေပါ။